****ဖတ္ႀကည့္ပါ အရမ္းေကာင္းပါတယ္***

ဗီဇဆိုတာ.. ေဖ်ာက္ရခက္တယ္
(သင္႔အတြက္ သတိထားဆင္ျခင္စရာ )

ကင္းၿမီးေကာက္တေကာင္ဟာ သူေနတဲ႔ကြ်န္းကေလးတခုကေန ျမစ္တဖက္ကမ္းမွာရွိတဲ့ေနာက္ကြ်န္းတခုကို
သြားခ်င္တယ္။ ဒါေပမဲ႔ ကင္မီးေကာက္ဟာေရမကူးတတ္လို႔ ျမစ္ကိုျဖတ္ဖို႔ရာအခက္အခဲျဖစ္ေနတယ္။ျမစ္ကမ္းေဘးမွာေလွ်က္သြားရင္း ဒီျမစ္ကိုဘယ္လိုကူးရပါ့လို႔အၾကံထုတ္ေနတုန္း

႐ုတ္တရက္ ျမစ္ေရစပ္မွာစိမ္ေနတဲ့
ဖားတစ္ေကာင္ကိုေတြ႕လိုက္လို႔သြားစကားေျပာတယ္။

"ကိုေရႊဖါးေရ က်ေနာ့္ကို ခင္ဗ်ားရဲ႕ေက်ာေပၚတင္ၿပီး
ဟိုဖက္ကမ္းကိုပို႔ေပးပါလား။ ေက်းဇူးမေမ့ပါဘူးဗ်ာ"

"ဟာဘယ္ျဖစ္မလဲ မင္းကိုေက်ာပိုးသြားရင္းနဲ႔ ငါ့ကိုမင္းရဲ႕အဆိပ္ရွိတဲ့အစြယ္နဲ႔ထိုးလိုက္ရင္
ငါေရနစ္ေသသြားမွာေပါ့ "

ကင္းၿမီးေကာက္၊...

"ကိုေရႊဖါးရယ္ ခင္ဗ်ားကိုက်ေနာ္အစြယ္နဲ႔ထိုးပါ့မလားဗ်ာ။က်ေနာ့္ကို ဟိုဖက္ကမ္းပို႔ေပးတဲ့ေက်းဇူးရွင္ကိုလုပ္ရက္ပါ့မလားဗ်ာ
ေနာက္ၿပီး ခင္ဗ်ားကိုအစြယ္နဲ႔ထိုးလိုက္လို႔ ခင္ဗ်ားေရနစ္ရင္ က်ေနာ္လည္းေရနစ္ေသမွာပဲေလ။က်ေနာ္ေရမကူးတတ္ဖူးဆိုတာ ခင္ဗ်ားသိပါတယ္ဗ်ာ"

ဖားလည္းစဥ္းစားတယ္။
ကင္းၿမီးေကာက္ေျပာတာလဲဟုတ္သားပဲ။
သူ႔ကိုယ္သူေရနစ္အေသခံၿပီး ငါ့ကိုအစြယ္နဲ႔ထိုးစရာအေၾကာင္းမရွိဘူးေလ။အဲဒီေတာ့ ဖားလည္း ဟိုဖက္ကမ္းကိုပို႔ေပးမယ္လို႔
သေဘာတူလိုက္တယ္။

ဒါနဲ႔ ဖားဟာ ကင္းၿမီးေကာက္ကို ေက်ာေပၚတင္လို႔
ေရစီးသန္တဲ့ျမစ္မွာ သူ႔ကိုယ္ကိုေရအေပၚ ေပၚေအာင္ႀကိဳးစားၿပီး ျမစ္ကိုျဖတ္ကူးပါေတာ့တယ္။

ျမစ္လယ္ေရာက္ေတာ့ ဖားဟာ သူ႔ေက်ာမွာစူးခနဲ တခ်က္ခံစားလိုက္ရတယ္။ေနာက္ကိုအသာလွည့္ၾကည့္လိုက္ေတာ့ ကင္းၿမီးေကာက္ဟာ အစြယ္ကို သူ႔ရဲ႕ေနာက္ေက်ာကေနဆြဲႏူတ္လိုက္တာေတြ႕ရတယ္။

ဖားလည္း နာက်င္ေဝဒနာခံစားရင္းေျပာလိုက္တယ္။

"ဟာ..မင္း.ဘယ္လိုလုပ္လိုက္တာလဲ။ မင္းပဲ ေစာေစာကေျပာတယ္ေလ။ ငါ့ကိုအစြယ္နဲ႔မထိုးဘူးလို႔။အခုငါ့မွာအဆိပ္တက္ေနၿပီ။ငါေရနစ္ၿပီးေသရင္ မင္းလည္းေရနစ္ေသမွာ မေၾကာက္ဖူးလား "

ကင္းၿမီေကာက္ကဘာျပန္ေျပာသလဲဆိုေတာ႔

"ခင္ဗ်ားေသရင္ က်ေနာ္လည္း
ေရနစ္ေသမွာသိပါတယ္။ ဒါေပမဲ့ တျခားသတၱဝါတစ္ေကာင္ကိုေတြ႕ရင္ အစြယ္နဲ႔ထိုးတတ္တဲ့
က်ေနာ့္ရဲ႕ဗီဇကိုေဖ်ာက္မရလို႔ပါဗ်ာ"

ေနာက္ဆံုးေတာ့ ဖားေရာ ကင္းၿမီးေကာက္ေရာ ၂ေကာင္စလံုးဟာ ျမစ္ေရထဲနစ္ျမဳပ္ေသဆံုးသြားၾကပါေတာ့တယ္။

ဒီပံုျပင္ေလးဟာ ႏိုင္ငံျခားမွာ အလြန္နာမည္ႀကီးတဲ့ပံုျပင္ေလးပါ။
ကေလးပံုျပင္မဟုတ္ပါဘူး။ လူေတြရဲ႕အက်င့္စာရိတၱနဲ႔ပတ္သက္တဲ႔ လူႀကီးေတြကို အသိပညာေပးတဲ့ပံုျပင္ပါ။

သနားလို႔ကူညီေပမဲ့လည္း
အဲဒီလိုဗီဇမေဖ်ာက္ႏိုင္တဲ့လူနဲ႔ေတြ႕ရင္
ကူညီသူပါဒုကၡရာက္တတ္တယ္ဆိုတဲ႔
သတိေပးသင္ခန္းစာေလးပါ။

ေရးသားသူ ဗန္းေမာ္သိန္းေဖ

Unicode version
****ဖတ်ကြည့်ပါ အရမ်းကောင်းပါတယ်***

ဗီဇဆိုတာ.. ဖျောက်ရခက်တယ်
(သင့်အတွက် သတိထားဆင်ခြင်စရာ )

ကင်းမြီးကောက်တကောင်ဟာ သူနေတဲ့ကျွန်းကလေးတခုကနေ မြစ်တဖက်ကမ်းမှာရှိတဲ့နောက်ကျွန်းတခုကို
သွားချင်တယ်။ ဒါပေမဲ့ ကင်မီးကောက်ဟာရေမကူးတတ်လို့ မြစ်ကိုဖြတ်ဖို့ရာအခက်အခဲဖြစ်နေတယ်။မြစ်ကမ်းဘေးမှာလေှျက်သွားရင်း ဒီမြစ်ကိုဘယ်လိုကူးရပါ့လို့အကြံထုတ်နေတုန်း

ရုတ်တရက် မြစ်ရေစပ်မှာစိမ်နေတဲ့
ဖားတစ်ကောင်ကိုတွေ့လိုက်လို့သွားစကားပြောတယ်။

"ကိုရွွေဖါးရေ ကျနော့်ကို ခင်ဗျားရဲ့ကျောပေါ်တင်ပြီး
ဟိုဖက်ကမ်းကိုပို့ပေးပါလား။ ကျေးဇူးမမေ့ပါဘူးဗျာ"

"ဟာဘယ်ဖြစ်မလဲ မင်းကိုကျောပိုးသွားရင်းနဲ့ ငါ့ကိုမင်းရဲ့အဆိပ်ရှိတဲ့အစွယ်နဲ့ထိုးလိုက်ရင်
ငါရေနစ်သေသွားမှာပေါ့ "

ကင်းမြီးကောက်၊...

"ကိုရွွေဖါးရယ် ခင်ဗျားကိုကျနော်အစွယ်နဲ့ထိုးပါ့မလားဗျာ။ကျနော့်ကို ဟိုဖက်ကမ်းပို့ပေးတဲ့ကျေးဇူးရှင်ကိုလုပ်ရက်ပါ့မလားဗျာ
နောက်ပြီး ခင်ဗျားကိုအစွယ်နဲ့ထိုးလိုက်လို့ ခင်ဗျားရေနစ်ရင် ကျနော်လည်းရေနစ်သေမှာပဲလေ။ကျနော်ရေမကူးတတ်ဖူးဆိုတာ ခင်ဗျားသိပါတယ်ဗျာ"

ဖားလည်းစဉ်းစားတယ်။
ကင်းမြီးကောက်ပြောတာလဲဟုတ်သားပဲ။
သူ့ကိုယ်သူရေနစ်အသေခံပြီး ငါ့ကိုအစွယ်နဲ့ထိုးစရာအကြောင်းမရှိဘူးလေ။အဲဒီတော့ ဖားလည်း ဟိုဖက်ကမ်းကိုပို့ပေးမယ်လို့
သဘောတူလိုက်တယ်။

ဒါနဲ့ ဖားဟာ ကင်းမြီးကောက်ကို ကျောပေါ်တင်လို့
ရေစီးသန်တဲ့မြစ်မှာ သူ့ကိုယ်ကိုရေအပေါ် ပေါ်အောင်ကြိုးစားပြီး မြစ်ကိုဖြတ်ကူးပါတော့တယ်။

မြစ်လယ်ရောက်တော့ ဖားဟာ သူ့ကျောမှာစူးခနဲ တချက်ခံစားလိုက်ရတယ်။နောက်ကိုအသာလှည့်ကြည့်လိုက်တော့ ကင်းမြီးကောက်ဟာ အစွယ်ကို သူ့ရဲ့နောက်ကျောကနေဆွဲနူတ်လိုက်တာတွေ့ရတယ်။

ဖားလည်း နာကျင်ဝေဒနာခံစားရင်းပြောလိုက်တယ်။

"ဟာ..မင်း.ဘယ်လိုလုပ်လိုက်တာလဲ။ မင်းပဲ စောစောကပြောတယ်လေ။ ငါ့ကိုအစွယ်နဲ့မထိုးဘူးလို့။အခုငါ့မှာအဆိပ်တက်နေပြီ။ငါရေနစ်ပြီးသေရင် မင်းလည်းရေနစ်သေမှာ မကြောက်ဖူးလား "

ကင်းမြီကောက်ကဘာပြန်ပြောသလဲဆိုတော့

"ခင်ဗျားသေရင် ကျနော်လည်း
ရေနစ်သေမှာသိပါတယ်။ ဒါပေမဲ့ တခြားသတ္တဝါတစ်ကောင်ကိုတွေ့ရင် အစွယ်နဲ့ထိုးတတ်တဲ့
ကျနော့်ရဲ့ဗီဇကိုဖျောက်မရလို့ပါဗျာ"

နောက်ဆုံးတော့ ဖားရော ကင်းမြီးကောက်ရော ၂ကောင်စလုံးဟာ မြစ်ရေထဲနစ်မြုပ်သေဆုံးသွားကြပါတော့တယ်။

ဒီပုံပြင်လေးဟာ နိုင်ငံခြားမှာ အလွန်နာမည်ကြီးတဲ့ပုံပြင်လေးပါ။
ကလေးပုံပြင်မဟုတ်ပါဘူး။ လူတွေရဲ့အကျင့်စာရိတ္တနဲ့ပတ်သက်တဲ့ လူကြီးတွေကို အသိပညာပေးတဲ့ပုံပြင်ပါ။

သနားလို့ကူညီပေမဲ့လည်း
အဲဒီလိုဗီဇမဖျောက်နိုင်တဲ့လူနဲ့တွေ့ရင်
ကူညီသူပါဒုက္ခရာက်တတ်တယ်ဆိုတဲ့
သတိပေးသင်ခန်းစာလေးပါ။

ရေးသားသူ ဗန်းမော်သိန်းဖေ

Comments

Popular posts from this blog

ဖတ္​လို ့အရမ္​း​​ေကာင္​း ပါတယ္​

ပုိက္ဆံရွာရာတြင္

**အရမ္းေကာင္းပါတယ္ ဖတ္ႀကည့္ပါ**