Posts

**အရမ်းကောင်းပါတယ် ဖတ်ကြည့်ပါ**

Image
မျောက်ငါးကောင် ပုံပြင် နှင့် Anchoring Effect ~~~~~~~~~~~~~~~~~~~~~~~~~~ တစ်ခါက…သိပ္ပံပညာရှင်တစ်စုဟာ မျောက် ၅ကောင်ကို လှောင်အိမ်ထဲ ထည့်ပြီး စမ်းသပ်မှုတစ်ခုကိုပြုလုပ်ကြပါတယ်။ လှောင်အိမ်ရဲ့  အလယ် မှာတော့ လှေခါးတစ်ခု ကိုထောင်ထားပြီး လှေခါးထိပ်မှာ ငှက်ပျောသီး တစ်ဖီးကိုတင်ထားပါတယ်။ မျောက်တစ်ကောင်ကောင်ဟာ လှေခါး ထိပ်က ငှက်ပျောသီးကို တက်ယူတဲ့အခါတိုင်း မျောက်လှောင်အိမ်ကို အပေါ်ကနေ ရေခဲရေနဲ့လောင်းချပါတယ်..။ မျောက်တစ်ကောင်ကောင်က ငှက်ပျောသီးယူဖို့ကြိုးစားတိုင်း မျောက်အားလုံးရေခဲရေ အလောင်းခံရတာပေါ့။ ခဏကြာမှာတော့ မျောက်တွေဟာ ငှက်ပျောသီးတက်ယူရင် ရေခဲရေလောင်းချခံရတာကို သတိထားမိလာကြပါတယ်။ ငှက်ပျောသီးကိုယူဖို့လည်း လက်လျော့ လိုက်ကြတယ်..။သူတို့ထဲက တစ်ကောင်ကောင်က လှေခါးပေါ် တက်တိုင်း ကျန်မျောက်တွေကဆွဲချ..ထုကြထောင်းကြသတဲ့။ သိပ္ပံပညာရှင်တွေဟာ လှောင်အိမ်ထဲက မျောက်တစ်ကောင်ကိုထုတ်ပြီး မျောက်အသစ် တစ်ကောင်ကို အစားထိုးထည့်လိုက်ပါတယ်... မျောက်အသစ်က ရေခဲရေအကြောင်း ကိုမသိတော့ ငှက်ပျော သီးမြင်တာနဲ့ တက်ယူဖို့ကြိုးစားတာပေါ့။ သူလှေခါးပေါ်တက်တိုင်း ကျန်တဲ့မျောက်တွေက ဆွဲချရိုက်နှက်ကြ ပါတော့တယ်... ဒီတော့ နောက်ရောက်လာ တ

ပိုက်ဆံရှာရာတွင်

Image
ပိုက်ဆံရှာရာတွင် ------------------------ ဘယ်တော့မှ ဝင်ငွေတစ်ခုတည်း ပေါ်မှာမရပ်တည်ပါနဲ့။ အခြားသော ဒုတိယဝင်ငွေ ဝင်နိုင်အောင် ရင်းနှီးထားပါ။ လူတစ်ယောက်ဟာ ဝင်ငွေတစ်ခုထဲကို ခြေစုံပစ် ရပ်တည်နေရင် အဲ့ဒီ..ဝင်ငွေရပ်တန့်သွားတဲ့နေ့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ရတတ်ပါတယ်။ ဘဝမှာလည်း အားလုံး ဗြောင်းဆန် သွားတတ်ပါတယ်။ ဒါ့ကြောင့် ဒုတိယဝင်ငွေ ရနိုင်မယ့် နည်းလမ်းကို အမြဲရှာထားပါ။ ပိုက်ဆံသုံးရာတွင် သင့်မှာမလိုအပ်တဲ့ပစ္စည်းတွေဝယ်ပါများရင် သင့်မှာ လိုအပ်တဲ့ ပစ္စည်းတွေ စွန့်လွှတ်ရတတ်တယ်။ တစ်ချို့တွေက လူသာ မချမ်းသာတာပါ။ ကိုင်တဲ့ အသုံးအဆောင်တွေကတော့ အပျံစားတွေ ချည်းပါပဲ။ ရေရှည်ကို မကြည့်ပဲ ရေတိုပဲ ကြည့်တတ်တဲ့ သူမျိုးတွေပါ။ သူများလုပ်တာ လိုက်လုပ်ချင်တယ်။ ဒါပေမယ့် သူများလို သူမချမ်းသာသေးဘူး ဆိုတာကို မေ့နေတတ်ကြပါတယ်။ ကိုယ်က မချမ်းသာသေးချိန်မှာ ချမ်းသာတဲ့သူတွေနဲ့ iPhone ပြိုင်ကိုင်တန်း သွားမကစားပါနဲ့။ သင်ပဲရှုံးသွား ပါလိမ့်မယ်။ မလိုတာတွေ ဝယ်နေတဲ့အတွက် လိုတဲ့ အခါ သုံးစရာမရှိ ဖြစ်တတ်ပါတယ်။ ပိုက်ဆံစုရာတွင် သုံးပြီးလို့ ပိုတာကိုမစုပါနဲ့။ စုပြီးလို့ ပိုတာကို သုံးပါ။ သုံးပြီးလို့ပိုမှ စုမယ်

တွေး​တောကြံ ဆတတ်​ကြ ပါ​စေ

Image
မြေခွေးတစ်ကောင်ဟာ ကြက်ခြံတစ်ခြံကိုတွေ့တော့ ခြံထဲကိုဝင်ပြီးကြက်ခိုးစားဖို့ ကြံစီတယ် ဒါပေမဲ့ သူ့ခန္တာကိုယ်က ဝလွန်းတာကြောင့် ခြံထဲကို တိုးဝင်လို့ မရဘူး ဘယ်လိုရှာရှာ တိုးတိုး မရတာနဲ့ အစာငတ်ခံတဲ့ နည်းကိုသုံးပြီး ၃ရက် အငတ်ခံပြီး ကိုယ်လုံးသေးသွားတော့မှ ခြံထဲကို တိုးဝင်လို့ရသွား ရော ..ဒါပေမဲ့ ကြက်တွေ ကိုခိုးစားလို့ ဝပြီး ပြန်ထွက်မယ် လုပ်တော့ ပြန်ဝနေတာနဲ့ ထွက်လို့ မရတော့ပြန်ဘူးဖြစ်နေရော  ဒါနဲ့ နောက်သုံးရက် အစာအငတ်ခံ တော့မှပဲ ကြက်ခြံထဲကပြန်ထွက်လာလို့ ရလာတော့တယ် ................ နောက်ဆုံးတော့ မြေခွေး လည်းစဉ်းစားမိတယ် ကိုယ့် ရဲ့တုံးအမှု့ကြောင့် ကိုယ့် အခြေအနေ ကိုကိုယ်ပြောင်းလဲ နေမိတယ် နောက်ဆုံးတော့ဘာ အကျိုးမှလဲ မရှိဘူး ဆိုတာပါပဲ ............... ကျွန်တော်တို့ဘဝတွေ ဟာလည်းအတူတူပါပဲ ဘာမှသိပ်မကွာခြားလှပါဘူး ကျွန်တော်တို့ မွေးဖွားလာတုန်းက ကိုယ်အလွတ် နဲ့ လက်ဗလာမွေးဖွားလာ ကြပြီး ပြန်သွားတဲ့ အချိန်ကျတော့လည်း လက်ဗလာနဲ့ ပဲပြန်သွားကြရတာ ပါ ဘယ်အရာမှသယ်သွားလို့ မရ နိုင်ပါဘူး ဘယ်သူက မှလည်းရှာဖွေးထားတဲ့ စည်းစိမ်ဥစ္စာ နဲ့ ဂုဏ်ဓန တွေ ကို မသယ်သွားနိုင်ကြဖူးပါဘူး ကျွန်တော်တို့ နုပျိုငယ်ရွယ်တုန်းအချိန်မှာ

****ဖတ်ကြည့်ပါ အရမ်းကောင်းပါတယ်***

Image
ဗီဇဆိုတာ.. ဖျောက်ရခက်တယ် (သင့်အတွက် သတိထားဆင်ခြင်စရာ ) ကင်းမြီးကောက်တကောင်ဟာ သူနေတဲ့ကျွန်းကလေးတခုကနေ မြစ်တဖက်ကမ်းမှာရှိတဲ့နောက်ကျွန်းတခုကို သွားချင်တယ်။ ဒါပေမဲ့ ကင်မီးကောက်ဟာရေမကူးတတ်လို့ မြစ်ကိုဖြတ်ဖို့ရာအခက်အခဲဖြစ်နေတယ်။မြစ်ကမ်းဘေးမှာလျှေက်သွားရင်း ဒီမြစ်ကိုဘယ်လိုကူးရပါ့လို့အကြံထုတ်နေတုန်း ရုတ်တရက် မြစ်ရေစပ်မှာစိမ်နေတဲ့ ဖားတစ်ကောင်ကိုတွေ့လိုက်လို့သွားစကားပြောတယ်။ "ကိုရွှေဖါးရေ ကျနော့်ကို ခင်ဗျားရဲ့ကျောပေါ်တင်ပြီး ဟိုဖက်ကမ်းကိုပို့ပေးပါလား။ ကျေးဇူးမမေ့ပါဘူးဗျာ" "ဟာဘယ်ဖြစ်မလဲ မင်းကိုကျောပိုးသွားရင်းနဲ့ ငါ့ကိုမင်းရဲ့အဆိပ်ရှိတဲ့အစွယ်နဲ့ထိုးလိုက်ရင် ငါရေနစ်သေသွားမှာပေါ့ " ကင်းမြီးကောက်၊... "ကိုရွှေဖါးရယ် ခင်ဗျားကိုကျနော်အစွယ်နဲ့ထိုးပါ့မလားဗျာ။ကျနော့်ကို ဟိုဖက်ကမ်းပို့ပေးတဲ့ကျေးဇူးရှင်ကိုလုပ်ရက်ပါ့မလားဗျာ နောက်ပြီး ခင်ဗျားကိုအစွယ်နဲ့ထိုးလိုက်လို့ ခင်ဗျားရေနစ်ရင် ကျနော်လည်းရေနစ်သေမှာပဲလေ။ကျနော်ရေမကူးတတ်ဖူးဆိုတာ ခင်ဗျားသိပါတယ်ဗျာ" ဖားလည်းစဉ်းစားတယ်။ ကင်းမြီးကောက်ပြောတာလဲဟုတ်သားပဲ။ သူ့ကိုယ်သူရေနစ်အသေခံပြီး ငါ့ကိုအစွယ်နဲ့ထိုးစရာအကြောင်းမရှိဘူး

စိတ်​ဓာတ်​ကျတိုင်းဖတ်​ဖို့ 📖📖📖

Image
ဘဝမှာ စိတ်​ညစ်​စရာဆိုတာ လူတိုင်းကြုံ​နေရတဲ့ အရာတစ်​ခုပါ။ ဒါကိုပဲစိတ်​ထဲထားပြီး အပူတစ်​ခုလို အ​တွေးလွန်​​နေသမျှ​တော့ ​ပျော်​ရွှင်​မှု​တွေနဲ့​ဝေး​နေအုံးမှာပါပဲ။ ​လောကမှာ လူတိုင်းက လိုတာမရ ရတာမလိုတဲ့ အလိုမပြည့်​မှု့​တွေနဲ့ ချို့တဲ့စွာနဲ့ အပူ​တွေကြားမှာ ​ပျော်​​အောင်​​နေ ​နေရတဲ့သူ​တွေမှ အများကြီးပါ။ သင်​တစ်​​ယောက်​တည်းကို ​လောကကြီးက မ​ကောင်းတာ မဟုတ်​ပါဘူး ။ အ​ကြောင်းအမျိုးမျိုး​ကြောင့်​ ဒုက္ခ​ပေါင်းစုံ ကြုံ​တွေ့​နေရ​ပေမယ့်​ စိတ်​ဓာတ်​မကျအားမ​လျော့ပဲ ကြိုးစား​နေတဲ့သူ​တွေ အများကြီး ရှိ​နေတာပဲ။ သင်​ကိုယ်​တိုင်​ကရောသူတို့လို ဇွဲ၊လုံ့လ၊ဝီရိယမထားပဲ ​လောကဓံကို ရင်​ဆိုင်​ဖို့ သတ္တိ​တွေမဲ့​နေတာလား? ကြိုးစားလိုက်​ပါ။ ဘာ​ကြောင့်​ဖြစ်​ဖြစ်​ စိတ်​ဓာတ်​ကျ အားမငယ်​ပါနဲ့ ဒုက္ခ​တွေ့​လေ​လေ အခက်​အခဲ များ​လေ​လေ တက်​လှမ်းနိုင်​ဖို့ အခွင့်​အလမ်း​တွေများ​လေပါပဲ။ ဒီအရာ​တွေကပဲ သင်​ယူရင်းနဲ့ ​ရှေ့ဆက်​ဖို့ ခွန်​အား​တွေ ဖြစ်​​စေမှာပါ။ စိတ်​ဓာတ်​ကျ အားငယ်​လာတဲ့အခါ စိတ်​ဓာတ်​ခွန်​အားဖြစ်​​စေမယ့်​ စာအုပ်​​ကောင်း​တွေဖတ်​ပါ မိတ်​​ဆွေ ​ကောင်းထက်​ စာအုပ်​​ကောင်းတစ်​အုပ်​က သင့်

အကျိုး မရှိတဲ့စကားဆို မသိသလို​နေလိုကိပါ

Image
ဘဝမှာ ကြားသမျှ စကားလုံးတိုင်းကို တုံ့ပြန်ဖို့ မလိုသလို ငုံ့ခံနေဖို့လည်း မဟုတ်ဘူး။        တစ်ချို့သူတွေရဲ့စကားလုံးတွေဟာ တုံ့ပြန်စရာမလိုဘဲ သူ့အလိုလိုပြီးသွားတာတွေရှိတယ်။        တုံ့ပြန်လိုက်မှပိုရှုတ်သွားတာတွေ ဖြစ်တတ်တယ်။ စကားလုံးတိုင်းကို ခံစားနေဖို့ မလိုဘူး။         ကိုယ့်အလုပ် ကိုယ်လုပ်နေဖို့ပဲလိုတယ်။ အလုပ်မှန်ရင် တုံ့ပြန်စရာမလိုဘဲ အလုပ်က ဖြေရှင်းသွားလိမ့်မယ်။         မတုံ့ပြန်တာဟာ ငုံ့ခံနေတာမဟုတ်ဘူး။ အပင်ပန်းခံပြီး မခံစားတဲ့သဘောပဲ။တစ်ချို့စကားတွေကျတော့  ပြန်ဖြေရှင်းဖို့လိုတယ်။        ဖြေရှင်းတာဟာ တုံ့ပြန်တာ မဟုတ်ဘူး။ “ဖြေရှင်းမှသာ အမှန်ကိုသိသွားမယ် နှစ်ဦးနှစ်ဖက် အကျိုးယုတ်မှုတွေ မဖြစ်တော့ဘူး။ နားလည်မှုတွေ ရှိသွားမယ်"ဆိုရင် ဒါမျိုးကျတော့ပြန်တုံ့ပြန်ရမယ်။ ဒေါသနဲ့တုံ့ပြန်မှုမျိုး မဟုတ်ဘဲ ကျိုးကြောင်းဆင်ခြင်ဉာဏ်ရယ်၊ အကျိုးလိုလားတဲ့မေတ္တာတရားရယ်ကို အခြေခံပြီး ပြန်ဖြေရှင်းရမယ်။        အဓိကကတော့ ဘယ်လိုစကားလုံးပဲလာလာ လက်ခံနိုင်အောင် ကြိုးစားဖို့ပဲ။ လက်ခံတာဟာ ခံစားတာ မဟုတ်ဘူး။ ခံနိုင်ရည်ရှိလာတာ။ကြားသမျှအသံတွေအပေါ်မှာ ခံနိုင်ရည်ရှိအောင် ကြိုးစားပြီး အကျိုးများတဲ့ စကားကို လက်ခံ၊ အကျိုး

ဖတ်​လို့ အရမ်း​​ကောင်း ပါတယ်

Image
**ဖတ်ကြည့်ပါ အရမ်းကောင်းပါတယ်** ••●ဖားပုံပြင်●••                           <>တချိန်က ဖားငယ်လေးတကောင်ဟာ ဘုန်းတော်ကြီး ကျောင်းနှင့်မနီး မဝေးမှာနေပြီး ဘုန်ကြီးတွေဆွမ်းခံ ကြွပြီးပြန်အလာ ဆွမ်းဘုန်းပေးတာကို ကြည့်ရင်း အတွေး တခုဝင်လာတယ် <>အင်း...ငါသာ ဘုန်းကြီး ဖြစ်ရင်သိပ်ကောင်းမှာပဲ... အလုပ်ဆိုလို့ ထွေထွေထူးထူးလုပ်စရာမလိုပဲ မိုးလင်းလမ်းလျှောက်ထွက်ရုံမျှနဲ့ တဝမ်းစာကို ပူပင်စရာမလိုပဲနေကြရတာကို တွေးပြီး အားကျနေမိတယ်.... <>ဆွမ်းဘုန်းပေးအပြီးမှာ ဘုန်ကြီးကျောင်းသားတွေကို မြင်ပြန်တော့ ကိုရွှေဖားက အတွေးပြောင်းပြန်တယ် ဘုန်းကြီးတွေလို အစောကြီးထစရာမလိုပဲအချိန်လျှင် ထစားရတဲ့ ဘုန်းကြီးကျောင်းသားတွေကို အားကျနေမိပြန်တယ်... <>ဘုန်ကြီးကျောင်းသားများ စားမကုန်တဲ့ ထမင်းဟင်းတွေကို ကျောင်းစောင့်ခွေးများကို ကျွေးတာ မြင်တော့လည်း ရှေ့နည်းတူကိုရွှေဖားက ခုံတလုံးမှ သိမ်းစရာမလို ပန်းကန်တလုံးမှ ဆေးစရာမလိုပဲ စားနေရတဲ့ခွေးတွေကို အားကျမိပြန်တယ်... <>ခွေးများစားပြီး မကုန်တဲ့ အရိုးအကပ်တွေကို လာစားတဲ့ ယင်ကောင်တွေ မြင်မိတော့လည်း သူတို့တွေက ကျောင်းစောင့်ပြီး ဟောင်နေရတဲ့ ေ