ဖတ်​လို့ အရမ်း​​ကောင်း ပါတယ်

**ဖတ်ကြည့်ပါ အရမ်းကောင်းပါတယ်**
••●ဖားပုံပြင်●••
                         

<>တချိန်က ဖားငယ်လေးတကောင်ဟာ ဘုန်းတော်ကြီး
ကျောင်းနှင့်မနီး မဝေးမှာနေပြီး ဘုန်ကြီးတွေဆွမ်းခံ
ကြွပြီးပြန်အလာ ဆွမ်းဘုန်းပေးတာကို ကြည့်ရင်း အတွေး
တခုဝင်လာတယ်

<>အင်း...ငါသာ ဘုန်းကြီး ဖြစ်ရင်သိပ်ကောင်းမှာပဲ...
အလုပ်ဆိုလို့ ထွေထွေထူးထူးလုပ်စရာမလိုပဲ
မိုးလင်းလမ်းလျှောက်ထွက်ရုံမျှနဲ့ တဝမ်းစာကို
ပူပင်စရာမလိုပဲနေကြရတာကို တွေးပြီး
အားကျနေမိတယ်....

<>ဆွမ်းဘုန်းပေးအပြီးမှာ ဘုန်ကြီးကျောင်းသားတွေကို
မြင်ပြန်တော့ ကိုရွှေဖားက အတွေးပြောင်းပြန်တယ်
ဘုန်းကြီးတွေလို အစောကြီးထစရာမလိုပဲအချိန်လျှင်
ထစားရတဲ့ ဘုန်းကြီးကျောင်းသားတွေကို
အားကျနေမိပြန်တယ်...

<>ဘုန်ကြီးကျောင်းသားများ စားမကုန်တဲ့
ထမင်းဟင်းတွေကို ကျောင်းစောင့်ခွေးများကို ကျွေးတာ
မြင်တော့လည်း ရှေ့နည်းတူကိုရွှေဖားက ခုံတလုံးမှ
သိမ်းစရာမလို ပန်းကန်တလုံးမှ ဆေးစရာမလိုပဲ
စားနေရတဲ့ခွေးတွေကို အားကျမိပြန်တယ်...

<>ခွေးများစားပြီး မကုန်တဲ့ အရိုးအကပ်တွေကို
လာစားတဲ့ ယင်ကောင်တွေ မြင်မိတော့လည်း
သူတို့တွေက ကျောင်းစောင့်ပြီး ဟောင်နေရတဲ့
ခွေးလောက်တောင် မပင်ပန်းပဲ စားရတဲ့အဖြစ်ကို
အားကျနေပြန်တယ်....

<>ထိုသို့ အားကျနေခိုက် အရိုးနားက ယင်တစ်ကောင်
ဖားနားသို့ ပျံ၍ဖြတ်သန်းမိရာ ဖားတို့ရဲ့သဘာဝ
အတိုင်း လျှာထုတ်၍ ပစ်ဖမ်းပြီးစားမိကာမှ
ကိုရွှေဖားလည်း အသိတရားဝင်လာတယ်....။

<>သူဆိုတာ ငါမဟုတ် ငါဆိုတာလည်း သူမဟုတ်
သူ့အလုပ်နဲ့သူ သူ့နေရာနှင့်သူ သူဒုက္ခနဲ့သူ
သူကိုအားကျနေသမျှ ငါလည်း အစာဝမည်မဟုတ်...

<>လူအများစုက ကိုယ့်အလုပ်ကိုယ်လုပ်ကြပေမယ့်
ကိုယ့်ထက်သာသူတွေကို အားကျမိတတ်ကြတယ်
အဲသလို အားကျမူ့တွေကြောင့်လည်း လုပ်သမျှ
မအောင်မြင်ပဲ ဆုံးရူံးတတ်ကြတယ်...။

<>လူ တစ်ဦးတယောက် စီမှာ အားကျစရာတွေ
ရှိသလို စိတ်ပျက်စရာတွေကလည်း ကိုယ်စီနဲ့ပါ
သူတပါးအားကျ၍ ကိုယ်ဝမ်းဝမည် မဟုတ်သလို..

<>ကိုယ်လုပ်မှကိုယ်စား ကိုယ်ရုန်းမှ ကိုယ်လွတ်မယ့်
ဒုက္ခအခက်ခဲကြားမှာ ကိုယ့်ဘဝ ကိုယ့်စတိုင်နဲ့
မယိုင်မလဲ တပြိုင်တည်း မြဲမြဲလျှောက်နိုင်မှသာလျှင်
ကိုယ့်ဘဝက သာယာနိုင်မှာပါလေ ။

credit~org
★Myo Naing(Mr copy)★

Comments

  1. Casino, Bally's, Harrah's Cherokee - MapYRO
    Information and Reviews about 안산 출장안마 Casino, Bally's, Harrah's Cherokee. See 밀양 출장마사지 reviews, photos and ratings for 포천 출장마사지 Casino at Rocky Top. Rating: 2 파주 출장샵 · 구리 출장안마 ‎1 vote

    ReplyDelete

Post a Comment

Popular posts from this blog

စိတ်​ဓာတ်​ကျတိုင်းဖတ်​ဖို့ 📖📖📖

**အရမ်းကောင်းပါတယ် ဖတ်ကြည့်ပါ**